Friday, March 20, 2009

For me

မရီလိုက်ပါနဲ့လား မမရယ်….

ကျနော်က ခင်ဗျားလှောင်ရယ်သံတွေကိုတောင်

ကောက်ရိုးတစ်မျှင်လို တယုတယခိုတွဲ….

ဝေးရတော့မယ့်နေ့မတိုင်ခင်အထိ ဆွဲဆန့်ထားချင်ခဲ့တာပါ။

ဒီတော့…
. . .



ကျနော်ဟာ ခင်ဗျားမျက်ဝန်းတွေကစွန့်ပစ်လို
က်တဲ့

ဘေးထွက်ပစ္စည်းတစ်မျိုးပါ။

အဲဒီလိုခပ်ရိုင်းရိုင်းအကြည့်တွေထဲ

အငုံ့စိတ်တပွေ့တပိုက်နဲ့ ကျနော် နာလန်မထူနိုင်ဘူး။

အခုတလော… ကြယ်တွေ ခဏခဏကြွေတယ်။

မရီလိုက်ပါနဲ့လား မမရယ်….

ကျနော်က ခင်ဗျားလှောင်ရယ်သံတွေကိုတောင်

ကောက်ရိုးတစ်မျှင်လို တယုတယခိုတွဲ….

ဝေးရတော့မယ့်နေ့မတိုင်ခင်အထိ ဆွဲဆန့်ထားချင်ခဲ့တာပါ။

ဒီတော့… လှောင်သလိုမရီပါနဲ့လား မမရယ်။

ခုတလော…. ကြယ်တွေကလည်း ကြွေလွန်းလှတယ်။

ကျနော် ခပ်စောစောကတည်းက

မမရဲ့စိတ်ကူးတွေနောက် လိုက်ကြည့်သင့်ခဲ့ပါရဲ့။

ကျနော် ဂစ်တာတီးပြရင် ခပ်ပြုံးပြုံးနားထောင်နေတတ်တိုင်း….

ကျနော် ဂျစ်ကန်ကန်နေရင် ခေါင်းပုတ်နှစ်သိမ့်တတ်တိုင်း…

ဘယ်မိုးကောင်းကင်မှ ပြိုမကျနိုင်ဘူးလို့

ခပ်ရူးရူးယုံကြည်ခဲ့ဖူးတဲ့ကောင်ပါ။

ဘာလို့များ ကြယ်တွေခဏခဏ ကြွေနေပါလိမ့်။

မမရဲ့ခေါင်းတစ်ချက်ဆတ်လိုက်တာနဲ

ကျနော့်ရဲ့စိတ်ဟာ သေးနုံ့နုနယ်သွား….

ခင်ဗျားအတွက် ကျနော်က မီးခွက်စောင့်ဘီလူးဖြစ်ခဲ့တာလား

ရီမုကွန်ထရိုးလ်မလိုအောင်သိတတ်တဲ့ စက်ရုပ်ဖြစ်ခဲ့တာလား

တဆိတ်လောက်ပြောခဲ့ပေးပါ မမ။

ကျနော့်ကိုယ်ကျနော် သိချင်..ကြည့်ချင်လို့ပါ။

ခုတလောလေ… ကြယ်တွေကလည်း ကြွေနိုင်လွန်းလှ…..

မမရယ်…. ဘာလို့များ……

ခုတလော….. ကြယ်တွေ ခဏခဏကြွေကျ…..

ကျနော်က မမပြန်လာမယ်ဆိုတဲ့အထိ…..

ခုတလော…. ကြယ်တွေ ကြွေ… ကြွေကျ….

မမရဲ့ အိပ်မက်တွေထဲမှာ ကျနော်က….

ခုတလော…. ခဏခဏ ကြယ်တွေကြွေနေခဲ့ကြ…..

မမဆုံးဖြတ်ချက်ဟာ မမလွှဲဖယ်ပစ်လိုက်တဲ့ ကျနော်နဲ့ဆန့်ကျင်ဘက်အရပ်ကို…..

ကျနော့်အပေါ်……

ခုတလော…. ကြယ်တွေ.. ခဏခဏ ကြွေ…တယ်

ခဏခဏ…. ကျနော်နဲ့ ကြယ်တွေ….

ခုတလော……. ကြွေတယ်….

ခုတလော….. ခဏပြီးခဏကို.. ကြယ်တွေ ကြွေတယ်။ ။

1 How do you think about it?:

မမသီရိ said...

ဟယ်...
ညလေး ချစ်သူလေး က ချစ်စရာကောင်းလိုက်တာ